24. Toyota bZ4X BEV ကားတွေကို ဘယ်အချိန်တွေမှာ စစ်ဆေးသင့်လဲ ?
Toyota ရဲ့ သတ်မှတ်ချက်တွေအရ bZ4X BEV တွေကို ၆ လတစ်ကြိမ် ပုံမှန်စစ်ဆေးသင့်ပါတယ် ...
ဘာတွေ စစ်ဆေးရမလဲ ?
⏰Every 6 months တိုင်းတွင်
✅EV စနစ်မှာ အရေးကြီးတဲ့ 12V Battery , Heating and AC System Coolant , Inverter Coolant များစစ်ဆေးခြင်း။
✅ဘရိတ်စနစ် စစ်ဆေးခြင်း ။
✅ကားအောက်ပိုင်းစနစ် စစ်ဆေးခြင်း ။
✅ကားအတွင်း၊အပြင် ပစ္စည်းများစစ်ဆေးခြင်း ။
✅GTS+ ဖြင့် ကားပြစ်ချက်များ ရှိ၊ မရှိ စစ်ဆေးပေးခြင်း။
✅လျှပ်စစ်ပိုင်းဆိုင်ရာ စနစ်နှင့် Control စနစ်များ ပုံမှန်စစ်ဆေးဆောင်ရွက်သင့်ပါတယ် ။
⏰+ Every 12 months တွင်
✅EV စနစ်မှာ အရေးကြီးတဲ့ 12V Battery စစ်ဆေး ခြင်းနှင့် လိုအပ်ပါက လဲလှယ်ခြင်း၊ ဂီယာဘောက် Transaxle ဆီစစ်ဆေးခြင်း။
✅ဘရိတ် စနစ် စစ်ဆေးခြင်းနှင့် လိုအပ်ပါက GTS+ အသုံးပြု၍ ဘရိတ်ဆီ လဲလှယ်ခြင်း ။
✅ကားအတွင်းအပြင် ပစ္စည်းများစစ်ဆေးပြီး လိုအပ်ပါက လဲလှယ်ခြင်းတို့ ဆောင်ရွက်သင့်ပါတယ်။
⏰+ Every 24 months တွင်
✅12V Battery စနစ် စစ်ဆေးခြင်း နှင့် လဲလှယ်ခြင်း အပြင် Heating and AC System Coolant , Inverter Coolant နှင့် ဂီယာဘောက် Transaxle ဆီများစစ်ဆေး လဲလှယ်ခြင်း ။
✅ကားအောက်ပိုင်းစစ်ဆေးခြင်းအပြင် တာယာနှင့် Tie Rods များကို စစ်ဆေး၍ လိုအပ်ပါက လဲလှယ်ခြင်းတို့ ဆောင်ရွက်သင့်ပါတယ်။
Toyota bZ4x BEV ကားအတွက် အထူးပြုပြင်ထိန်းသိမ်းသည့်ဝန်ဆောင်မှုများကို
📍 Toyota Aye and Sons ( ကမ္ဘာအေး )
📍 Toyota Mingalar Motor ( အလုံ ) နှင့်
📍 Toyota Mudon Maung Maung ( နေပြည်တော် )
စသည့် Toyota Authorized Service Center ၃ ခုတွင် အပွိုင့်မန့်များ ရယူကာ ဆောင်ရွက်နိုင်ပါပြီ။